Ga Si Kaji Kaba galaw na
ဒီအကြောင်းအရာကိုမစခင် တစ်ခုလောက်ပြောချင်ပါတယ်
ဘာလဲဆိုတော့ တစ်လောက အင်တာနက်ကနေ နိုင်ငံခြားကိုဖုန်း အခမဲ့ခေါ်လို့ရတဲ့ viber ဆိုတာကို
ဖုန်းထဲဘယ်လိုထည့်မယ် ဘယ်လိုအကောင့်ဖောက်မယ် ဘယ်လိုခေါ်ရမယ်ဆိုတာတွေပေါ့ဗျာ
အပေါ်က ပြောခဲ့တဲ့ viber ကို ဖုန်းထဲကနေဒေါင်းလော့ဆွဲ Install လုပ်ပြီး အကောင့်ဖွင့်
ပြီး အက်တာနက်လိုင်းရှိတာနဲ့နိုင်ငံခြားကို အခမဲ့ခေါ်အခမဲ့ ချက်လို့ရတယ်တဲ့ ကျနော် လဲစမ်းသပ်ပြီးပါပြီ
တကယ်လဲ သူတို့ပြောသလိုပါပဲ တစ်ခုတော့ရှိတယ်နော် အဲဒီ viber ဆိုတဲ့ မိုဘိုင်း app လေးတော့ နှစ်ယောက်လုံးရဲ့ ဖုန်းမှာထည့်ထားဖို့လိုပါတယ်
ခုကျနော် ဝေမျှမယ့် ဟာကကတော့ မိုဘိုင်းဖုန်းတွေမှာ သုံးတဲ့ app တွေကို ကွန်ပျူတာ PC ကနေသုံးလို့ရမယ့် player လေးပါ
ဒီ Player ထဲမှာ မိုဘိုင်းဖုန်းတွေမှာသုံးတဲ့ app တွေကိုရှာနိုင်တယ်၊ သွင်းနိုင်တယ်၊အသုံးပြုနိုင်ပါတယ်
facebook , twitter တွေကိုလဲဒီ Player ထဲမှာသုံးနိုင်တယ် ပြီးတော့ အပေါ်မှာပြောခဲ့တဲ့ Viber ကိုလဲထည့်သုံးနိုင်တယ် viber ထက်တောင်ကောင်းတယ် whatapp ဆိုတာကိုလဲ ထည့်သုံးနိုင်တယ်
viber ထက်ကောင်းတယ်ဆိုတာ ကျနော် က viber ထက် အဲဒီ whatapp ကိုပိုသဘောကျတယ် ပိုပြည့်စုံလို့လေ :P
မိုဘိုင်း app ဖြစ်တဲ့ Tango ဆိုတာတွေကိုလဲ ထည့်သုံးနိုင်တယ် Tango က အခဲ့မဲ့ဖုန်းခေါ်နိုင်တယ်
ဗီဒီယိုချက်လို့တောင်ရသေးတယ်ဗျာ မယုံရင်စမ်းကြည့်ပေါ့ :P
မိုဘိုင်းဖုန်းတွေမှာပါတဲ့ ကိုယ်ပြောတဲ့အသံအတိုင်းလိုက်ပြောတက်တဲ့ ကြောင်လိုကောင် ကိုယ်က
စားပြီးပြီလားလို့ သူ့ကို မေးလိုက်တယ်ဆိုပါစို့ သူကလဲ စားပြီးပြီလားလို့လိုက်ပြောတယ်လေ
အဲလို application တွေကိုလဲ ထည့်သုံးနိုင်တယ်
ပြီးတော့ Skype လဲသုံးနိုင်တယ်ဂိမ်းတွေလဲကစားလို့ရတယ်
ပြောနေတာတော်တော်ရှည်သွားပြီ :P
ကဲဟုတ်မဟုတ်စမ်းကြည့်ပေါ့ Player ကို ဒီလင့်မှာ download လုပ်ပါ
ပြီးရင် INstall လုပ် Install လုပ်ဖို့ အတွက် Download လုပ်ပြီးရလာတဲ့
BlueStacks-ThinInstaller.exe ဆိုတဲ့ဖိုင်ကို ကလစ်နှစ်ချက်နှိပ်ပြီး Continue ကိုနှိပ် Install ကိုနှိပ်လိုက်တာနဲ့
သူ့ဖာသာ Install လုပ်သွားပါလိမ့်မယ်
Install လုပ်ပြီးရင် ဖွင့်လိုက် ကိုယ်တစ်ခုခုရှာချင်တယ်ဆိုရင် အပေါ်နာလေးက မှန်ဘီလူးပုံးလေးကိုနှိပ်ပြီး
Search Box မှာကိုယ်ရှာချင်တဲ့ နာမည်နဲ့ရေးထည့်ပြီးရှာပါ
ကိုယ်လိုချင်တာရှာလို့တွေ့ရင် Install လုပ်ပြီးဒီ Player ထဲထည့်သုံရပါမယ်
ခုကျနော် က Tango ဆိုတာကို အစမ်းရှာထည့်ပြမယ်
ရှာလို့တွေ့ရင် ညာဘက်က Install ဆိုတာကိုရွေးပေးလိုက်တာနဲ့ သူ့ဖာသာ Download လုပ် Install လုပ်ပေးသွားပါလိမ့်မယ်
ပုံကြီးကြီးကြည့်ချင်ရင် ပုံကိုကလစ်နှိပ်ပြီးကြည့်ပါ
Viber , whatapp,Tango တွေကို သုံးတော့မယ်ဆိုရင် အကောင့်တော့ဖောက်ရတယ်
မခက်ပါဘူး တကယ်လို့အကောင့်မဖောက်တက်ဘူးဆိုရင်လဲပြောပါ
အဆင်ပြေလိမ့်မယ်လို့မျော်လင့်ပါတယ်နော်

0 comments:
Post a Comment
manang a comment langai gaw post langai bai mara lu na matu agun tsi re