Ga Si Kaji Kaba galaw na
ပန်းရောင်စုံတွေပွင့်ဖူးနေသော ဥယျာဉ်ကြီးတစ်ခုကို မြင်လိုက်ရသည်နှင့် လူတိုင်းစိတ်တွင်
ကြည်နူးပျော်ရွှင်မိတတ်ကြသည်။ အဆင်းလည်းလှ၊ ရနံ့လည်းမွေးသည့်ပန်းဆိုလျင် လူတိုင်း
ကလည်း လိုချင်ကြသည်။ ပျားပိတုန်း လိမ်ပြာများကလည်း အနားက မခွာချင်ကြပေ။ အဆင်းက
တော့လှပါရဲ့ ရနံ့မမွှေးသော ပန်းကလေးများကြပြန်တော့လည်း လူတွေရဲ့ခူးဆွတ်ခြင်းက
မလွတ်ပါပေ။ သို့ပေမယ့် မမွှေးသော ပန်းဖြစ်၍ လူများက တန်ဖိုးထားလေးစားခြင်းမရှိကြချေ။
အဆင်းကလည်းမရှိ၊ ရနံ့ကလည်းမဲ့သော ပန်းများကိုတော့ လူများကလည်း လှည့်မကြည့်ကြပေ။
ထို့အပြင် ပျားပိတုန်းများကလည်း မ၀ဲပျံကြတော့ပေ။
ထိုအကြောင်းအရာသည် လောကကြီးထဲမှ သဘာဝတစ်ရပ်ပင်ဖြစ်သည်။ လောကကြီးထဲတွင်
ကျင်လည်နေကြသော လူသားတိုင်းသည် အောင်မြင်မှုဆိုသော ပန်းတိုင်ကြီးဆီသို့ လျှောက်လှမ်း
နေကြခြင်းဖြစ်သည်။ အောင်မြင်မှုသရဖူကို လူတိုင်းဆောင်းလိုကြသည်။ ထိုအောင်မြင်မှုသရဖူ
ဆိုသည်မှာ လူတိုင်းရနိုင်သော အရာမဟုတ်ပေ။ အချိန်အခါ၊ အခါအခွင့်၊ အခွင့်အရေး စသော
အချက်များကို အကျိုးရှိရှိ ကြည့်တတ်မြင်တတ် အသုံးချတတ် သောလူများမှ ရနိုင်ပေမည်။
လူငယ်၊ လူရွယ်၊ လူကြီးမရွေးမည်သူမဆို မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို
အချိန်အခါ အခါအခွင့် အခွင့်အရေးစသည်များနှင့် အကျိုးရှိစွာ အသုံးချတတ်ရမည်။ လူတစ်ယောက်
တွင် အရေးကြီးဆုံးဖြစ်သည့် အရာများတွင် အချိန်သည် အဓိကဖြစ်သည်။ အချိန်ကို အကျိုးရှိစွာ
အသုံးချတတ်သူသည် အချိန်ကို ဟိုယောင်ယောင် သည်ယောင်ယောင် ဖြုန်းတီးနေသူများထက်
ပို၍ ရှေ့ရောက်နေပေလိမ့်မည်။
´ အချိန်နှင့် ဒီရေသည် လူကိုမစောင့်´ဟူသော စကားပုံအတိုင်း နာရီ ၊မိနစ်၊ စက္ကန့်များ
သည် မြန်မြန်ရွေ့လျားနေကြသည့်အလျောက် လူသားတိုင်းသည် ထိုအချိန်အတွေကို မိမိရရ
ဆုပ်ကိုင်၍ ကိုယ့်ဘ၀အတွက် အကျိုးကျိုးရှိရှိအသုံးချသင့်သည်။ အချိန်ကိုထိုက်သင့်သည့်
အလျောက် အသုံးချနိုင်ပြီဆိုလျင် အောင်မြင်မှုခရီးရဲ့ သုံးပုံတစ်ပုံရောက်ရှိနေပြီဟုမှတ်ယူ
နိုင်ပါသည်။ အချိန်အခါကို အသုံးချတတ်သော လူတစ်ယောက်တွင် အခါအခွင့်ရဖို့နည်းလမ်း
တွေ ပေါ်လာစမြဲပင်။ မိမိစိတ်ထဲတွင် သတိထားရမည်မှာ အခွင့်အလမ်းသည် လျှပ်စီးလက်သကဲ့
သို့ ချက်ချင်း ပေါ်ချက်ချင်းပျောက် တတ်၍ သတိတရားနှင့် စောင့်ကြည့်မှသာ အခွင့်အလမ်းမှန်း
သိနိုင်ပေလိမ့်မည်။ ဆည်ဝမှ ဗျိုင်းစောင့်သကဲ့သို့ အခွင့်အလမ်းပေါ်လာမည့်အချိန်အခါကို
သတိလက်မလွတ်စေဘဲ စောင့်စားပြင်ဆင်ရင်း အခွင့်ပေါ်သည်နှင့် တပြိုင်နက်တည်း
လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုလမ်းပေါ် အရောက်လှမ်းနိုင်မည်။
အချိန်အခါနှင့် အခွင့်အလမ်းကို လက်ဝယ်ပိုင်ဆိုင်နိုင်ပြီဆိုပါက အောင်မြင်မှုဆိုသော
အခွင့်အရေးကြီးက မိမိရှေ့တွင် မားမားမတ်မတ် ပေါ်လာမည်မှာ မလွဲဧကန်ဖြစ်သည်။ လူသား
တိုင်းအောင်မြင်မှု သရဖူကို ဆောင်းနိုင်အောင် ကြိုးစားအားထုတ်သင့်သည်။
ထို့အတူပဲ အနာဂတ်ကာလတွင် ပွင့်ဖူးလာကြမည့် ပန်းကလေးများသည် မိမိကိုယ်ကို
အဆင်းလည်းလှ ၊ရနံ့လည်းမွှေးသော ပန်းပွင့်လေးတစ်ပွင့်ဖြစ်စေဖို့ကြိုးစားသင့်သည်။
အနာဂတ်ကောင်းကင်ကြီးက အားလုံးအတွက်ကောင်းအောင်လုပ်ဆောင်ပေးနေသလို မိမိတို့
ဘက်ကလည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီအားဖြည့်၍ ပွင့်ဖူးလာသော ပန်းကလေးတွေ
လှချင်တိုင်းလှ မွှေးချင်တိုင်းမွှေးစေဖို့ ပါဝင်ကူညီ အားဖြည့်သင့်သည်။ အနာဂတ်ကောင်းကင်
ရဲ့စေတနာက ပွင့်သောပန်းတိုင်းမွှေးစေချင်သော စေတနာ အမှန်ဖြစ်ပေလိမ့်မည်ဟု ယုံကြည်
မိပါတော့သည်။

0 comments:
Post a Comment
manang a comment langai gaw post langai bai mara lu na matu agun tsi re