Ra rawng ai n-hkum zup ai lam law law nga na re chyena ya marit grai chyeju kaba sai

Thursday, 9 August 2012

Ga Si Kaji Kaba galaw na
ဥပမာ

  • Beautiful - Pretty (လှပသော - ချောမောသော)
  • Teenager - Adolescent (ဆယ်ကျော်သက် - အရွယ်ရောက်စလူငယ်)
  • Baby - Toddler (မွေးစကလေး-လမ်းလျှောက်တတ်စကလေး)
  • Mother - Mommy (အမေ-မာမီ)

Synonym တွေဟာ ဘယ် part of speech ၀ါစင်္ဂ မဆို ဖြစ်နိုင်တယ်။ (ဥပမာ noun နာမ်၊ verb ကြိယာ၊ adjective နာမ၀ိသေသန၊ adverb ကြိယာဝိသေသန ဒါမှမဟုတ် preposition ရှေ့ဆက်စကားလုံး တွေ ဖြစ်နိုင်တယ်။) Part of speech ၀ါစင်္ဂချင်းတော့ တူရတယ်။

ဥပမာ

  • Amazing, awesome, incredible, astonishing (adjectives) 
    အံသြဖွယ်ကောင်းသော (နာမ၀ိသေနများ)
  • Car, auto, automobile, motorcar (nouns) 
    မော်တော်ကား (နာမ်များ)
  • Participate, take part, join (verbs)
    ပါဝင်ဆောင်ရွက်သည် (ကြိယာများ)
  • Quickly, fast, promptly (adverbs) 
    လျင်မြန်စွာ (ကြိယာဝိသေသနများ)
  • On, upon (prepositions)
    အပေါ်မှာ (ရှေ့ဆက်စကားလုံးများ)

စကားလုံးတစ်လုံးကို အဓိပ္ပာယ်တူ synonym နဲ့ အစားထိုးမယ်ဆိုရင် သက်ဆိုင်ရာ ဆက်စပ်အခြေအနေ မှာ ၀ါကျအဓိပ္ပာယ် ပြောင်းလဲမသွားအောင် သတိပြုရမယ်။ Synonym ဖြစ်မဖြစ်ဆိုတာ စကားလုံးတွေရဲ့ ဘယ်အဓိပ္ပာယ်ကို ရွေးချယ်အသုံးပြုထားတယ် ဆိုတာနဲ့လည်း သက်ဆိုင်နေတတ်တယ်။

ဥပမာ

This is my senior year at University. 
အခုနှစ်က ကျွန်တော် တက္ကသိုလ် နောက်ဆုံးနှစ်ပါ။

ဒီဝါကျမှာ Senior ဆိုတဲ့ စကားလုံးကို elder ဒါမှမဟုတ် older ဆိုတဲ့ စကားလုံးတွေနဲ့ အစားထိုးလို့ မရဘူး။ အဲဒီစကားလုံးတွေနဲ့ အစားထိုးလိုက်ရင် ဒီဝါကျမှာ သုံးထားတှဲ့ Senior ရဲ့ အဓိပ္ပာယ် ပျောက်သွားတယ်။ ၀ါကျလည်း ဆိုလိုရင်း အဓိပ္ပာယ် မရောက်တော့ဘူး။

ဒါပေမယ့် senior ဆိုတာ စတုတ္ထနှစ်ဆိုတဲ့ အဓိပ္ပာယ်ကို စွဲပြီး နောက်ဆုံးနှစ် last လို့ အစားထိုးနိုင်တယ်။ senior အစား last ကို သုံးမယ်ဆိုရင်တော့ မူရင်းဝါကျရဲ့ အဓိပ္ပာယ် မပျက်ဘူး။

စကားပြောကောင်းသူ၊ စာရေးကောင်းသူတွေဟာ ဝေါဟာရကို အလဲအလှယ် သုံးတတ်ကြတယ်။ စာဖတ်သူလည်း ဝေါဟာရတွေ အလဲအလှယ် သုံးတတ်အောင် လေ့လာသင်ယူနိုင်ပါတယ်။ ဝေါဟာရ ကြွယ်ဝစေဖို့ အကောင်းဆုံး နည်းလမ်းကတော့ အဓိပ္ပာယ်ဆက်စပ်မှုကို ပြတဲ့ thesaurus ဝေါဟာရဘဏ် စာအုပ်ကို အသုံးပြုခြင်းဘဲ ဖြစ်ပါတယ်။ Thesaurus မှာ အဓိပ္ပာယ်ဆင်တူတဲ့ ဒါမှမဟုတ် အဓိပ္ပာယ် ဆက်စပ်နေတဲ့ စကားလုံးတွေကို စာရင်းပြုလုပ်ဖော်ပြထားတဲ့အတွက် ရေးနေတဲ့ စာသားထဲမှာ စကားပရိယာယ် ကြွယ်စေဖို့ သင့်တော်ရာ ဝေါဟာရအမျိုးမျိုးကို ရွေးချယ်ပြီး ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်တယ်။

0 comments:

Post a Comment

manang a comment langai gaw post langai bai mara lu na matu agun tsi re